Wednesday, July 2, 2014
နဝရူပ 'ဗျာလ'
ကမ္ဘာဦးကတည်းက
လူမျိုးတိုင်း ဘာသာတိုင်း၌ ၄င်းတို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများ
ရှိခဲ့ကြသည်။ အလားတူပင် ရခိုင် လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထု
တစ်ခုရှိသည်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင်
လူအတော်များများ မသိရှိ ကြသေးပေ။ ၄င်းတို့ကို ရှေးဟောင်း စေတီပုထိုးများ၏
ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှေးဟောင်းလက်ရာ
အမွေအနှစ်အဖြစ် တွေ့ရှိနိုင်ပါသည်။ ယင်း သတ္တဝါကို ရခိုင် လူမျိုးတို့က “ဗျာလ”
ဟုခေါ်ဆို ခဲ့ကြသည်။ အဆိုပါ သတ္တဝါ မှာရခိုင် လူမျိုးတို့၏ ရှေးရိုး စဉ်ဆက်
တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တဝါဖြစ်သည်။
ယင်း ‘ဗျာလ’ ကို သတ္တဝါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင် ရှိသော သတ္တဝါတို့၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားသည်။ယင်းသို့ သတ္တဝါ ကိုးမျိုး၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် ‘နဝ ရူပ ဗျာလ’ ဟုလည်းခေါ်သည်။ အဆိုပါ ‘နဝ ရူပ ဗျာလ’ ရုပ်တွင် ပါရှိသည့် သတ္တဝါ ကိုးမျိုး၏ အစိတ်အပိုင်း များမှာ -
၁. ဆင်နှာမောင်း
၂. သမင်မျက်လုံး
၃. ကြံ့ချို
၎. ကြက်တူရွေးလျှာ
၅. ငါးကြင်းကွက်
၆. ဒေါင်းအမြီး
၇. မြင်းနားရွက်
၈. ကျားအစွယ်
၉. ခြင်္သေ့လက်ဝါး တို့ဖြစ်သည်။
ထိုကဲ့သို့ ထူးခြားသော စွမ်းအင်ရှိသည့် အစိတ်အပိုင်းများကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ် ထားခြင်းမှာလည်း ဗျာလ သတ္တဝါ ၏ ထူးခြားမှုကို ရည်ညွှန်းထားသည့် အဓိပ္ပါယ် ဖြစ်သည်။ ဗျာလတွင် ပါရှိသည့် အစိတ်အပိုင်းများ အနက် ကြက်တူရွေးလျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်းကောင်း ၊ ဒေါင်းအမြီးသည် လှပ တင့်တယ် ခြင်းကို လည်းကောင်း ၊ မြင်း နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်း ကိုလည်းကောင်း ၊ သမင်မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း ၊ငါး၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို လည်းကောင်း ၊ ကြံ့ချို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း သည် စွမ်းအင် ကြီးမားခြင်းတို့ကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါသည်။
အဆိုပါ သတဝါ ကိုးမျိုး တို့၏ အစိတ်အပိုင်းဖြင့် တန်ဆာ ဆင်အပ်သော သတ္တဝါအား ထားရှိ ခြင်းဖြင့် “အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စေတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုသာ ဖြစ်စေတတ်၏” ဟု ရခိုင်လူမျိုးတို့ ယုံကြည်ထားကြသည်။
ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက အဆောက်အအုံ များတွင် စတင်တွေ့ ရှိရသည်။ ယင်းထက် ရှေးကျသော ရုပ်ထုများလည်း ရှိကောင်း ရှိနိုင်ပါသေးသည်။ မင်္ဂလာ အခမ်းအနားများ ၌ သုံးစွဲသော အသုံး အဆောင် ပစ္စည်းများတွင် အနည်းငယ် တွေ့ရှိရပါသည်။ ရခိုင်လူမျိုး တို့၏ ရှေးဟောင်း အထိမ်းအမှတ် တခုဖြစ်သော ‘နဝ ရူပ ဗျာလ’ ကို ကျောင်းကန် ၊စေတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော အဆောက် အဦး များတွင် လည်ကောင်း စွမ်းအင် ကိုးမျိုး ပေါင်းစု ထားသော အစောင့် အရှောက် သတ္တဝါ အဖြစ် ထားလေ့ရှိပါသည်။

Thuyarzay
တက်ထွန်းနီ(မြောက်ဦး)၏
ရခိုင်ဗျာလ် မှကောက်နုတ်ထား။
![]() |
နဝရူပ ဗျာလ ခေါ် ဗျာလ်
|
Tuesday, July 1, 2014
သျှစ်သောင်းဘုရားပုထိုးတော်ကြီးသမိုင်း...
မင်းဗာဘုရင်မြတ်၏ ခံယူထားသော ဘွဲ့အပြည့်အစုံမှာ (သီရိသူရိယစန်္ဒ မဟာဓမ်္မရာဇာ) အိန်္ဒိယမှ ပေးအပ်သောဘွဲ့ကား (ဇော့ဘော့ချားလ်) ဘွဲ့တော်များဖြစ်သည်။ မိဖုရားကြီးကား (ဖွားစောမင်း ဒေ၀ီ) ဖြစ်သည်။
ဤမင်းသည် ပေါ်တူဂီရေတပ်နှင့် ကုလားစစ်တို့ကိုအောင်မြင်တော်မူပြီးနောက် အိန်္ဒိယ နိုင်ငံဗုဒ်္ဓဂါယာ၌ မိမိသက်တော် (၄၁)နှစ် အကြောင်းပြု၍စေတီတစ်ဆူတည်းဝယ် ဗုဒ်္ဓဆင်းတု (၄၁)ဆူနှင့်သက်တော်စေ့ဘုရားတည်ထားလှူခဲ့ပြီးနောက်မဇိ္ဈမဒေသမှရရှိခဲ့သောဘုရားရဟ
န်္တာ ဓာတ်တော်ရှစ်သောင်းနန်းဝယ်ခေတ်္တထားကာ ဆရာကြီးဦမြ၀ါ၏ အစီအစဉ်ဖြင့်နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ကိုတစ်ဝက်ဖြိုလျက် အလယ်၌ ခိုင်ခံ့ကြီးကျယ်သော မြေတလင်းဝယ် ကောဇာသက်္ကရာဇ် (၈၉၇) ခုနှစ်၊ ခရစ်အေဒီ(၁၅၃၄) ခုနှစ်တွင်(ရန်အောင်ဇေယျသျှစ်သောင်းပုထိုးတော်ကြီး)ဟုအမည်ထားကာတည်ထားခဲ့လေသည်။
သျှစ်သောင်းဘုရားကြီးကိုတည်ဆောက်မှုအဓိကမှာစစ်အောင်မြင်လာခဲ့မှုအထိမ်းအမှတ်အဖြစ်တည်ထားခြင်းဖြစ်သည်။ သျှစ်သောင်းဘုရား၏မြေအောက် ပထမဌာပနာတိုက်ဝယ် ဘေးလောင်းတော်၊ဘိုးလောင်းတော် စောမွန်မင်း(၁)ဆက် အရုပ်ကိုရွှေအတိသွန်းကာအဆောင်နှင့်တကွခြံရံထားကာ ပူဇောပသထားသည်။ ထို့နောက်ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ဂေါတမ ဘုရားလေးဆူပုံရွှေအတိသွန်းလျက် နောင်ပွင့်မည့်အရိမေတိယျဘုရားအဖြစ် အလယ် ၌ကြာဖူးငုံသဏ္ဌာန် ထုကာ မင်ဗာကြီးပူဇော်နေပုံဖြစ်သည်။
ဘုရားရဟန်္တာဓာတ်တော်(၈၀၀၀၀) သျှစ်သောင်းကိုအစီအစဉ်ဖြင့် ကျောက်သံပတ်္တမြား ရွှေ၊ငွေ ကြုတ်တို့ဖြင့်ထည့်လျက်ပူဇော်ထားသည်။
ဌာပနာခန်းကိုကျောက်ဖျာဖုံးပြီး ရတနာကိုးပါးဖြင့်သွန်းအပ်သောဆင်းတုတော်ငယ်(၂၀၀၀၀) နှစ်သောင်း တိုက်ခန်းစီစဉ်ဖြင့်တည်ထားပြီးသော် ရတနာအမျိုးမျိုးဖြင့်သွန်းအပ်သောဆင်းတုတော်ငယ်ပေါင်း(၆၀၀၀၀)ခြောက်သောင်းကိုတိုက်ခန်းလိုက်စီစဉ်တည်ထာပြီး ဌာပနာကိုကျောက်ဖျာဖုံးအုပ် ပိတ်လေသည်။
မြေအပေါ် ၌ ကျောက်ဂူလိုဏ် သဏ္ဌာန်လုပ်ကာဝင်္ကပါပုံသဏ္ဌာန် အကွေ့အကောက်စီမံလျက် ကျောက်ဆင်းတုတော်များကိုတစ်ဖက်တစ်ချက် တည်ထားသည်။ ဤပုထိုးကိုမဏ္ဍိုင်ငါးချက်ဖြင့်အဓိကထားတည်တော်မူသည်။ ဂူပြင်ပတ်တွင်လည်း ဘုရားလောင်းတော် ဖြစ်ခဲ့သမျှဘ၀များကို (အစကြိုးကြာ၊ ဆယ့်ခြောက်ခါလျှင်၊ဟင်္သာကိုးဖြစ်၊ခြောက်ဖြစ်ကားခို) ဆိုသည့်အတိုင်း ကြိုးကြာဘ၀တစ် ဆယ့်ခြောက်ရုပ်မှ စပြီးငါးရာ့ငါးဆယ်နိပါတ်တော်လာ ဇာတ်တော်များကို ကျောက်ဆစ်လက်ရာ ပြောင်မြောက်စွာဖြင့် ထုလုပ်လျက်နံရံဝယ် တပ်ဆင်ထားသည်။
ဘုရားအား ဆီမီးပူဇော်ရန် ခွက်ငယ်ထွင်းရာများပါ အဆင့်သုံးဆင့်လုံးတွင် ပတ်လည်ထွင်ထုထားသည်။ အနောက်ဘက်မျက်နှာဝယ် ဘုရင်အဆက်ဆက် ရာဇဘိသေက ခံယူရန် အခန်းဆောင်မြတ်ကို ဖန်တီးထားသည်။လှိုဏ်ပတ်လည်ဝယ် သူရဲခို၊ သူရဲပြေး တိမ်းရှောင်ထိန်းသိမ်းနိုင်ရေးအတွက်လည်း လုံခြုံရေးကို အဓိကထားကာ တံတိုင်းအကွေ့အကောက် အကာအရံများဖြင့်တည်ဆောက်ထားသည်။
ကျောက်ဖြစ်ရုပ်ကြွင်းများမှာ ထွင်ထုပြီးနံရံတွင် အံဝင်ခွင်ကျ ထိုးချိတ်လျက် ဘုရားနံရံကို ပွတ်လုံးများဖြင့် ဆင်ယင်ထားခြင်း ဖြစ်ပေသည်။
ဤဘုရားကြီး၏ အဓိကမဏ္ဍိုင်ငါးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) သျှစ်သောင်းဂူတော်ရှိ ဘုရားကြီးမှာ။ အရှေ့ဘက်သို့(တနင်္လာဂြိုလ်မင်း) နေရာရှေ့ရှုလျက်၊ ဂန်္ဓာကုဋိ ခန်းဆောင်တွင် ရှိသည်။ ဗောဓိပင်နှင့် ရွှေပလ်္ထင်တွင် သဗ်္ဗညုတ ဥာဏ်တော်ရခဲ့သော ဘုရားရှင်အား ရည်စူး၍ကိုးကွယ်ထားခြင်းဖြစ်ပေသည်။
(၂) သျှစ်သောင်းပြင်ပတ်အ၀င် အရှေ့တောင်ထောင့် (အင်္ဂါထောင့်၌) သုဒ်္ဓ၀ါသ ဗြဟ်္မာကြီးသည် ဤကမ်္ဘာအား အစ ပထမ ဘုရားမည်မျှ ပွင့်လာမည်ကိုဗုဒ်္ဓဂါယာ အိုင်သာယာ့၌ ကမ်္ဘာအစကကြာရုံပေါက်သော ကြာတော၌ ကြာတစ်ပွင့်ဘုရားတစ်ဆူ အလိုက် သာရကမ်္ဘာ သာရမဏ္ဍကမ်္ဘာ ၊သဒ်္ဓ ကမ်္ဘာ စသည်ဖြင့် ကမ်္ဘာအမည် မှည့်ခေါ်ထားလျက် ပဒုမ်္မာကြာပွင့် ကြီးတို့အား ဆွတ်ခူးသိမ်းထားဗြဟ်္မာကြီးသည် သာသနာတော်အား စောင့်ပါစေဟု ဒုတိယမဏ္ဍိုင်အဖြစ် ထွင်းထုကိုးကွယ်ထားသည်။
(၃) ပြင်ပတ်မြောက်ဘက် အရှေ့မြောက်ထောင့် (တနင်္ဂနွေ) ထောင့်တွင် နတ်သမီး(၄)ပါး အခြံအရံဖြင့် ဧရာဝဏ်နတ်ဆင်စီးလာနေသော သိကြားမင်းသည်၊ သာသနာတော်အား စောင့်ပါစေဟု တတိယမဏ္ဍိုင်ဖြစ် ထွင်းထုတည်ထားသည်။
(၄) သျှစ်သောင်းပြင်ပတ် အနောက်မြောက်ထောင့် (စနေ) ထောင့်တွင် ဘုရားဒကာ မင်းဗာကြီးအရုပ်ဖြစ်သည်။ ဗြဟ်္မာမင်းအ၀တ်တန်ဆာဆငနယင်ကာ လက်ရုံးတစ်ထောင် ဘုန်းတန်ခိုး ကြီးမားမှုသရုပ်ပြလျက် မိမိမွေးနံ စနေထောင့်တွင် မိဖုရားများခြံရံကာ ဗုဒ်္ဓအားပူဇော်နေပုံ၊ ဆီမီးခွက် ပူဇော်ကကြဟန်များပါ ထုထားလျက်ဘုရားဒါယကာ မင်းဗာကြီး၏ အရုပ်ကို စတုတ်္တ မဏ္ဍိုင်အဖြစ် ထွင်းထုတည်ထားခြင်းဖြစ်သည်။
(၅) ပြင်ပတ်အနောက်မြောက်ထောင့်အရပ် ရာဟုထောင့်တွင်(စတုလောကပါလ နတ်မင်းကြီးအရုပ်)ကို ထွင်းထုထားသည်။ နတ်မင်းကြီးများသည်သာသနာတော်ကိုအမြဲတစေ စောင့်ရှောက်ပါစေဟု အဓိဌာန်ပြုလျက် ပဉ်္စမ မဏ္ဍိုင်အဖြစ် တည်ထားခဲ့ခြင်းဖြစ်သည်။ စေတီပုထိုးတော်၏ရှေ့တွင်လည်း သိမ်တော်ကြီးကို ခမ်းနားကြီးကျယ်စွာ တည်ဆောက်ထားလေသည်။ ဘုရားပုထိုးတော်ကြီး ၏ခေါင်မိုးတွင်လည်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန်အတွက် နက်္ခက်ကြေအဖြစ်(သတ်္တဗိသစေတီ) ပုထိုးတော်ကြီး တစ်ခုလုံးကိုဝိုင်းရံကာစေတီပုထိုး ပေါင်း(၂၆) ဆူ၊ စေတီကြီးပါဆိုလျှင်(၂၇)ဆူလုံးဓာတ်လုံးစေတီ(သတ်္တဗိသ) ကိုတည်ထားတော်မူခဲ့ပြန်သည်။
သျှစ်သောင်းဘုရားဟု ခေါ်ရခြင်းမှာ အပေါ်တွင် ဖူးတွေ့ရသော ဘုရားများနှင့် မသက်ဆိုင်ချေ။ ဌာပနာခန်းတွင် ဓာတ်တော်ရှစ်သောင်းရှိသဖြင့်လည်းကောင်း၊ ဘုရားဆင်းတုတော်ငယ် ရှစ်သောင်းရှိသဖြင့်လည်းကောင်း ရည်ရွယ်၍ခေါ်ခြင်းသာဖြစ်သည်။ ပေါ်တူကီတို့၏စစ်ဘေးရန်နှင့်ကုလားစစ်ကို အောင်မြင်တော်မူလေသောအဓိကအထိမ်းအမှတ်အဖြစ်(ရန်အောင်ဇေယျသျှစ်သောင်းဘုရား ပုထိုးတော်ကြီး)ဟူ၍အမည်ထားခြင်းဖြစ်ခဲ့ပါသတည်း။
Subscribe to:
Posts (Atom)